ပင္လံု၌ လူငယ္အခ်င္းခ်င္း စကားမ်ားရာမွ ဓားထိုးမႈျဖစ္ပြား

ပင္လံု၌ လူငယ္အခ်င္းခ်င္း စကားမ်ားရာမွ ဓားထိုးမႈျဖစ္ပြား
သြဂုတ် 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္လံုၿမိဳ႕တြင္ လူငယ္အခ်င္းခ်င္း အရက္ေသစာေသာက္စားရာမွ စကားမ်ား ရန္ျဖစ္သျဖင့္ ၾသဂုတ္လ(၁၁)ရက္ေန႔ ေန႔ခင္း(၂)နာရီခန္႔တြင္ ဓါးထိုးမႈျဖစ္ပြားခဲ့ေၾကာင္း ပင္လံုနယ္ေျမရဲစခန္းမွ သိရသည္။

ေသဆံုးသြားသည့္ လူငယ္မ်ား သူငယ္ခ်င္းျဖစ္သူ မိုးျမတ္ငွါးရမ္းေနထိုင္သည့္ ေနအိမ္သို႔ေရာက္ရွိလာၿပီး အတူေသာက္စားရင္း စကားမ်ားရာမွ လံုးေထြးသတ္ပုတ္ၾကၿပီး အခန္းပိုင္ရွင္ မိုးျမတ္မွ ေနအိမ္တြင္ အသင့္ရွိေနေသာ ဓါးျဖင့္ ထိုးရာ ေပါင္တြင္ ထိုးသြင္းဒဏ္ရာရရွိၿပီး ေသြးထြက္လြန္ကာ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အခင္းျဖစ္ျဖစ္ခ်င္း စခန္းမွဴး ရဲအုပ္သန္းစိုးေရာ၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္သူရိန္ထြန္းေရာ၊ တာ၀န္မွဴးနဲ႔အဖြဲ႕ေတြေရာက္သြားၿပီး ဓါးထိုးမႈက်ဴးလြန္သူကို ဖမ္းဆီးထားခဲ့ပါတယ္"ဟု ပင္လံုနယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

စကားမ်ားရန္ျဖစ္ရာမွ အခင္းျဖစ္ရာတြင္ ဓါးဒဏ္ရာျဖင့္ ေမာင္ရဲႏိုင္၀င္းမွာ ေသဆံုးသြားသျဖင့္ အခန္းပိုင္ရွင္ျဖစ္သူ ျမတ္မိုးအား ပင္လံုနယ္ေျမရဲစခန္း(ပ)၁၅/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ ဖမ္းဆီးကာ အမႈဖြင့္လွစ္အေရးယူထားေၾကာင္းသိရသည္။

သတင္း - ႏုိႏို
.................

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် လူငယ်အချင်းချင်း အရက်သေစာသောက်စားရာမှ စကားများ ရန်ဖြစ်သဖြင့် သြဂုတ်လ(၁၁)ရက်နေ့ နေ့ခင်း(၂)နာရီခန့်တွင် ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ပင်လုံနယ်မြေရဲစခန်းမှ သိရသည်။

သေဆုံးသွားသည့် လူငယ်များ သူငယ်ချင်းဖြစ်သူ မိုးမြတ်ငှါးရမ်းနေထိုင်သည့် နေအိမ်သို့ရောက်ရှိလာပြီး အတူသောက်စားရင်း စကားများရာမှ လုံးထွေးသတ်ပုတ်ကြပြီး အခန်းပိုင်ရှင် မိုးမြတ်မှ နေအိမ်တွင် အသင့်ရှိနေသော ဓားဖြင့် ထိုးရာ ပေါင်တွင် ထိုးသွင်းဒဏ်ရာရရှိပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခင်းဖြစ်ဖြစ်ချင်း စခန်းမှူး ရဲအုပ်သန်းစိုးရော၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်သူရိန်ထွန်းရော၊ တာဝန်မှူးနဲ့အဖွဲ့တွေရောက်သွားပြီး ဓားထိုးမှုကျူးလွန်သူကို ဖမ်းဆီးထားခဲ့ပါတယ်"ဟု ပင်လုံနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စကားများရန်ဖြစ်ရာမှ အခင်းဖြစ်ရာတွင် ဓားဒဏ်ရာဖြင့် မောင်ရဲနိုင်ဝင်းမှာ သေဆုံးသွားသဖြင့် အခန်းပိုင်ရှင်ဖြစ်သူ မြတ်မိုးအား ပင်လုံနယ်မြေရဲစခန်း(ပ)၁၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးကာ အမှုဖွင့်လှစ်အရေးယူထားကြောင်းသိရသည်။

သတင်း - နိုနို

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~