မိုင္းျဖတ္၌ သဂၤဟလူမႈကူညီေရးအသင္းဖလား မိုးရာသီအမ်ဳိးသား အလြတ္တန္းေဘာလံုးၿပိဳင္ပြဲ က်င္းပ

မိုင္းျဖတ္၌ သဂၤဟလူမႈကူညီေရးအသင္းဖလား မိုးရာသီအမ်ဳိးသား အလြတ္တန္းေဘာလံုးၿပိဳင္ပြဲ က်င္းပ
သြဂုတ် 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ သဂၤဟလူမႈကူညီေရး အသင္းဖလား မိုးရာသီ အမ်ဳိးသား အလြတ္တန္း ေဘာလံုးၿပိဳင္ပြဲကို က်င္းပျပဳလုပ္ရာ ၿပိဳင္ပြဲ၀င္ အသင္း (၇)သင္းမွ ၀င္ေရာက္ ယွဥ္ၿပိဳင္လွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲအား မိုင္းၿဖတ္ၿမိဳ႕နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာနမွ ႀကီးမွဴး၍ ၾသဂုတ္လ(၂၅)ရက္ေန႔မွ စက္တင္ဘာလ (၁၀)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ၿပီး ၿပိဳင္ပြဲအတြင္း အသင္းေပါင္း (၇)သင္းမွ ၀င္ေရာက္ယွဥ္ၿပိဳင္လွ်က္ရွိရာ ၿပိဳင္ပြဲ၏ ဖြင့္ပြဲ အခမ္းအနားအား ၾသဂုတ္လ(၂၅)ရက္ေန႔ ညေန(၃)နာရီအခ်ိန္က က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဖြင့္ပြဲအခမ္းအနားသို႔ မိုင္းၿဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာအႀကီးအကဲမ်ား ႏွင့္ အားကစား ၀ါသနာရွင္မ်ား တက္ေရာက္လာခဲ့ေၾကာင္း ႏွင့္ ၿပိဳင္ပြဲ၏ အဖြင့္ ကစားပြဲတြင္ ဟိုနား(က)အသင္း ႏွင့္ ေစ်းတန္းအသင္းတို႔ ယွဥ္ၿပိဳင္ကစားရာ ေစ်းတန္းအသင္းအား ဟိုနား(က)အသင္းမွ (၃)ဂိုး (၂)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဂငှ်လူမှုကူညီရေး အသင်းဖလား မိုးရာသီ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် အသင်း (၇)သင်းမှ ဝင်ရောက် ယှဉ်ပြိုင်လျှက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား မိုင်းဖြတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ သြဂုတ်လ(၂၅)ရက်နေ့မှ စက်တင်ဘာလ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲအတွင်း အသင်းပေါင်း (၇)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိရာ ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားအား သြဂုတ်လ(၂၅)ရက်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် အားကစား ဝါသနာရှင်များ တက်ရောက်လာခဲ့ကြောင်း နှင့် ပြိုင်ပွဲ၏ အဖွင့် ကစားပွဲတွင် ဟိုနား(က)အသင်း နှင့် ဈေးတန်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဈေးတန်းအသင်းအား ဟိုနား(က)အသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~