မင်းတပ်တွင် တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်

မင်းတပ်တွင် တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ၂၀၂၄ ခုနှစ် မေလ(၅)ရက်နေ့က အလင်းဝင်လာကြောင်း CDF မင်းတပ်ထံမှ သိရသည်။

ခလရ (၂၇၄)တပ်တွင် တွဲဘက်တာ၀န်‌ထမ်းဆောင်နေသော ကျောက်ထုမြို့အခြေစိုက် အမတ(၃၆၈) အမြောက်တပ်ရင်းမှ  တပ်ကြပ်၀င်းလေးဆိုသူသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှင့်အတူ MA3 (၁)လက်၊ ကျည်အိမ်(၃)ခုနှင့် ကျည်ဆံ (၂၅၆)တောင့်ပါလာသဖြင့် ဆုငွေကျပ်သိန်း (၅၀)ချီးမြှင့်လိုက်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Chin Defence Force - Mindat