SNA တပ်စိတ်မှူးတစ်ဦး အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း ၃၀ ချီးမြင့်

SNA တပ်စိတ်မှူးတစ်ဦး အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း ၃၀ ချီးမြင့်
ဖေဖော်ဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှ SNA တပ်စိတ်မှူးတစ်ဦး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် လက်နက်နှင့်တကွ ခန္တီးခရိုင် အမှတ် (၃)တပ်ရင်း(HPDF -124)ထံ အလင်းဝင်လာကြောင်း သိရသည်။

SNA တပ်စိတ်မှူးသည် Ak-22 ဒင်ခေါက်တစ်လက်၊ ကျည်ဘောက် (၂)ခု၊ ကျည်အတောင့် (၁၅)တောင့်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ခန္တီးခရိုင် အမှတ် (၃)တပ်ရင်း (HPDF -124)မှ ကျပ်ငွေ သိန်း(၃၀)အား ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ခန္တီးခရိုင် အမှတ်(၃) တပ်ရင်း(HPDF -124)သည် စစ်အာဏာရှင်အား တော်လှန်ရာတွင် SNAတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သောကြောင့် အလင်းဝင်ရောက် ပူးပေါင်းလိုသည့် မည်သူကိုမဆို ဖိတ်ခေါ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Homalin People's Defense Force - HPDF 124