ရေတာရှည်မြို့နယ်တွင် လူသားဒိုင်းအဖြစ်ဖမ်းဆီး၍ စစ်ကြောင်းထိုးလာသည့် စစ်ကာင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်

ရေတာရှည်မြို့နယ်တွင် လူသားဒိုင်းအဖြစ်ဖမ်းဆီး၍ စစ်ကြောင်းထိုးလာသည့် စစ်ကာင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဒေသခံများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ပစ်ခတ်မှူဖြစ်ပွားခဲ့ကြောင်း ပဝါနီစစ်ကြောင်းက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နဂျပ်ကျေးရွာမှ အင်အား(၁၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကာင်စီတပ်သည် ဒေသခံ(၆၀)ဦးဝန်းကျင်ကို လူသား ဒိုင်းအဖြစ်ဖမ်းဆီး၍ စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် ဧပြီလ (၃၀)ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒေသခံ(၆၀)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာပြီး အေးသာယာကျေးရွာနှင့် ရွှေပြည်သာကျေးရွာသို့ စစ်ကြောင်း (၃)ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာသည်ဟု ဆိုသည်။

ထို့နောက် ၎င်းစစ်ကောင်စီတပ်၏ စစ်ကြောင်း (၂)ကြောင်းသည် အေးသာယာကျေးရွာသို့ ၀င်ရောက်၍ ကျန်(၁)ကြောင်းမှာ ရွှေပြည်သာကျေးရွာ နောက်ကျောဘက် တောင်ကုန်းပေါ်တွင် ကင်းထောက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် (၄)ဦးအား လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာသူများကို ရှေ့မှတက်ခိုင်းကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်းတွင် လူဒိုင်းကာများရှိ‌နေသောကြောင့် တော်လှန်ရေးအင်းအားစုများဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိပဲ ဆုတ်ခွာပေးခဲ့သည်ဟု ဆိုသည်။

ပြန်လည် ဆုတ်ခွာရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော်တစ်ဦး လက်မောင်းကျည်ထိမှန်၍ လက်နက်တစ်လက် ဆုံးရှုံးခဲ့သည်ဟု သိရသည်။

ထို့နောက် မိနစ်(၃၀)ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် နှစ်ရက်ခန့်ကြာတွင် ရွှေပြည်သာကျေးရွာ၌ ဖြစ်သလို မြှပ်ထားခဲ့သော စစ်ကောင်စီတပ်သား အလောင်းတချို့ကို တွေ့ရှိခဲ့၍ ပြန်လည်မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ပုဝါနီစစ်ကြောင်း