မုံရွာမြို့နယ်တွင် ရိက္ခာသယ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

မုံရွာမြို့နယ်တွင် ရိက္ခာသယ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

မုံရွာမြို့နယ်၊ တောင်ပလူရွာသို့ ရိက္ခာသယ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Mahura People Defence Forceမှ ၂၀၂၄ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တောင်ပလူရွာသို့ ရိက္ခာသယ်လာသည့် အင်အား (၁၅)ဦးခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ဧပြီလ ၂၈ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံးပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူရောက်ရှိလာသည့်အတွက် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁ တပ်ရင်း(BLDF)၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅) MHRPDF၊ ပကဖ၊ LPDFတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း တပ်ခွဲ(၅) Mahura People Defence Forceမှ လက်နက်ခဲယမ်းလိုအပ်ချက်ဖြည့်တင်းရန် အနောက်မြောက်လွင်ပြင်နွေဦးစစ်ဆင်ရေး Project ပြုလုပ်ထားပြီး ၊ Project ပြည့်မှီရန် လူထု၏ထောက်ပံအားပေးမှုလိုအပ်နေကြောင်း သိရသည်။

#TachileikNewsAgency