ထီးလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

ထီးလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်

မကွေးတိုင်း ထီးလင်းမြို့အထိုင်တပ်သို့ စစ်ကူအဖြစ်ရောက်ရှိနေသည့် ကျောက်ထုအမြောက်တပ်မှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း Yaw Revolution Army-ထီးလင်းမှ ၂၀၂၄ခုနှစ် မေလ (၂) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ကျောက်ထုအမြောက်တပ် ၃၆၈မှ တပ်သားကျော်စိုးဦးသည် မေလ (၁) ရက်နေ့ ည (၁၁)နာရီခန့်တွင် YRA(ထီးလင်း)သို့ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ MA 1 တစ်လက်၊ ကျည် ၅၃၉ တောင့်နှင့် အခြား စစ်သုံးပစ္စည်းများယူဆောင်လာကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို ဆုကြေးငွေ သိန်း ၅၀ ကျပ်ချီးမြှင့်၍ လွတ်မြောက်နယ်မြေတနေရာသို့ ပို့ဆောင်စောင့်ရှောက်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: Yaw Revolution Army-ထီးလင်း