ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကျင်ဒွေးမြို့ရှိ အဆိုပါစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှစတင်၍

တော်လှန်ရေးပူးပေါင်းတပ်များက ၃လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချို့  ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများစွာအသုံးပြုခဲ့ပြီး

စစ်ကူအင်အားများ ပို့ခဲ့သော်လည်း တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့များနှင့် PDF၊ YDF၊ GZA၊ LPDF များအပါအဝင် အာရက္ခတပ်တော် (AA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency