မြိုင်တွင် ရိက္ခာရှာထွက်လာသည့် စစ်ကြာင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

မြိုင်တွင် ရိက္ခာရှာထွက်လာသည့် စစ်ကြာင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ (၂၆) ရက်နေ့ မနက်(၉)နာရီခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းနှင့် စက်တွင်းမှ မီတာ၅၀အကွာ တောင်ဘက်သို့ ထွက်လာသည့် အင်အား(၂၀)ခန့်ပါ ရိက္ခာရှာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မီတာ(၂၀)အကွာအဝေးမှ အနီးကပ် ပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြန်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းပွိုင့်ထပ်ဆွဲခဲ့ရာ စစ်ကောင်စီတပ်သား(၇)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၆)ရက်နေ့ မနက်ပိုင်းတွင်ပင် သရက်ကန်ပျူရွာမှ တောင်ဘက်သို့ ထွက်ခွာလာသည့် အင်အား(၁၅)ဦးခန့်ပါ ပျုစောထီးများအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျုစောထီးခိုင်လွင် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး   အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့များဖြစ်သည့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People's Defence Force၊ Earthquake People's Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ၄ စကြာ်တပ်ဖွဲ့၊ မြိုင်မြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း(၁)ခွဲ(၁)၊ ခွဲ(၂)နှင့် မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency