လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် (၉) ဦး ထိခိုက်ဒဏ်ရာရ

လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် (၉) ဦး ထိခိုက်ဒဏ်ရာရ

လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး ၁၈ နှစ်အောက် ကလေးငယ် (၃)ဦး အပါအဝင် (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KNU ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် လေကြောင်းဖြင့် (၆)ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး (၉)လုံး ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် အဆောက်အအုံများ၊ စာသင်ကျောင်း (၁)လုံးနှင့် ဘုန်းကြီးကျောင်း (၁)လုံး ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူ (၂)ဦး သေဆုံးကာ (၉)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဧပြီလ ၂၂ နှင့် ၂၃ ရက်နေ့ နေ့လယ် (၁း၂၈) အချိန်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ဟောင်ဝင်ဇာ လက်နက်ကြီး (155)mm စုစုပေါင်း(၇)လုံး ပစ်ခတ်ခဲ့ရာ ဘုရားကြီးရွာနှင့် ဘောကထာကျေးရွာဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး တချိန်တည်းမှာပင် ၆၀ မမ (၂)လုံး ပစ်ခတ်ခဲ့ရာ အင်ဗလာနှင့် သံဆိပ်ကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် (၉း၂၁ )အချိန်၌လည်း Jet Fighter လေယာဉ်တစ်စီးမှ ဘောကထာ ကျေးရွာသို့ ဗုံးသီး (၁)လုံး ပစ်ချခဲ့သည့်အပြင် အော်လီဂန်းဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် အရပ်ဖက်၊စစ်ဘက်မခွဲခြားပဲ ဒေသခံပြည်သူများနေထိုင်သည့်နေရာများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို နိုင်ငံအနှံ့တွင် လုပ်ဆောင်လျှက်ရှိသည်။

#TachileikNewsAgency

Photo: Karen National Union