စစ်‌တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်း နေရပ်စွန့်ခွာရသူ ၁.၆သန်းနီးပါးရှိ

စစ်‌တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်း နေရပ်စွန့်ခွာရသူ ၁.၆သန်းနီးပါးရှိ
ဇူလိုင် 26, 2023 | 2021 Military Coup

စစ်‌တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်း နေရပ်စွန့်ခွာရသူ (၁.၆)သန်းနီးပါးရှိကြောင်း United Nations OCHA Myanmarက ယနေ့၂၀၂၃ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့တွင် သ တင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ(၁. ၉)သန်းနီးပါးရှိသည့်အနက် ယင်းအထဲမှ လူဦးရေ(၁.၆)သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများဖြစ်သည်ဟု သိရသည်။

ပြင်းထန်နေဆဲလက်နက်ကိုင် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံမှ လူများသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆက်လက်ရင်ဆိုင်နေရသည်ဟု ဆိုသည်။

လက်နက်ကိုင် တိုက်ပွဲများသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာလည်း ပြင်းထန်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း မကြာခဏဖြစ်ပွားနေသည်ဟု သိရ သည်။

ဇူလိုင်လ (၁၅)ရက်နှင့် (၂၀)ရက်အကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လူဦးရေ(၆,၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo : United Nations OCHA Myanmar