မြိတ်ခရိုင် တပ်ရင်း(၃)ထံ လက်နက်နှင့်တကွ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို ငွေကျပ် ၄၄သိန်း ဂုဏ်ပြု

မြိတ်ခရိုင် တပ်ရင်း(၃)ထံ လက်နက်နှင့်တကွ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို ငွေကျပ် ၄၄သိန်း ဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း အမှတ်(၃)သို့  ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့က လက်နက်နှင့်တကွ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ငွေကျပ် (၄၄)သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်ကြပ်ကြီးသည် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အခြေစိုက်သည့် ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃)မှ ဖြစ်ပြီး MA(3)တစ်လက်၊ ကျည်ဘောက် (၂)ခု၊ ၅.၅၆ ကျည်(၃၁၇)တောင့်ဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုခြင်း(သို့မဟုတ်) တပ်တွင်းသတင်းပေးအဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်းများ၊ စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များထံ ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel@MyanmarPeopleသို့သော်လည်းကောင်း ချိတ်ဆက်ဆောင်ရွက် နိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Ministry of Defence-NUG