ပခုက္ကူမြို့နယ်တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်သားအား PDF တပ်ဖွဲ့က ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး

ပခုက္ကူမြို့နယ်တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်သားအား PDF တပ်ဖွဲ့က ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ၂၀၂၄ ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက လဖက်ရည်ဆိုင်ထိုင်နေစဉ် ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း Southern YSO PDFထံမှ သိရသည်။

ပခုက္ကူနည်းပညာတက္ကသိုလ် GTCရှိ ဂိတ်စခန်းတွင် တာဝန်ကျနေသော ပခုက္ကူမြို့ အခြေစိုက်တပ် (၂၅၂)မှ စရဖ တပ်သား ဦးကျော်နိုင်ဝင်း ဆိုသူအား Southern YSO PDFက ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

"GTC ဂိတ်အနီးရှိ လက်ဖတ်ရည်ဆိုင်မှာ ကျွန်တော်တို့အဖွဲ့သားများမှ သတင်းအချက်အလက်ရယူဖို့အတွက် အရှင်ဖမ်းဆီးခဲ့စဉ် ထွတ်ပြေးဖို့ကြိုးစားပြီး ပြန်လည်ခုခံဖို့ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပါသည်။"ဟု Southern YSO PDF ကထုတ်ပြန်ထားသည်။

၎င်းထံမှ ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါဖုန်းထဲတွင် PDF ထောက်ပို့နေအိမ် အချက်အလက်မြေပုံများ၊ PDF များ တပ်ဆင်ထားသော မိုင်းပွိုင့်နေရာ အချက်အလက်များ ပျူစောထီး၊ သတင်းပေးများ၏ အချက်အလက်များကို စစ်ဆေးရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ကျေးရွာအတွင်းသတင်းပေးပြုလုပ်‌နေသူ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာနယ်မြေရှိ နယ်မြေခံ PDF အဖွဲ့ထံ အကြောင်းကြား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

#TachileikNewsAgency