လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတော်လှန်ရေးတပ်များထိန်းချုပ်

လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတော်လှန်ရေးတပ်များထိန်းချုပ်
နိုဝင်ဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊  လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့အထိုင် စစ်ကောင်စီတပ်စခန်းကို CAN၊ CDF Zophei၊ CDF Mara၊ CDF Lautuနှင့် CDF Matupiတို့က ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စခန်းအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကိုလည်း ချင်းအမျိုးသားတော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကာ စခန်းကို သမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် လိုင်လင်းပီမြို့ကိုလည်း ထိန်းချုပ်နိုင်ပြီဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

#TachileikNewsAgency