သံတွဲထောင်ရှေ့ မီးလောင်မှုဖြစ်ကာ နေအိမ်(၅)လုံးဆုံးရှုံး

သံတွဲထောင်ရှေ့ မီးလောင်မှုဖြစ်ကာ နေအိမ်(၅)လုံးဆုံးရှုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အကျဥ်းထောင်ရှေ့တွင် ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် (၅)လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဝါ‌ယာရှော့ဖြစ်ကာ မီးလောင်ရာက နေအိမ်(၅)လုံးပျက်စီးသွားပြီး ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ကဝိုင်းဝန်းမီးငြိမ်းသတ်ခြင်းကြောင့် မီးထိန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

"ထောင်ရှေ့ရပ်ကွက်ကနေ အိမ်မီးလောင်တာကနေ နေအိမ်(၅)လုံး ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အိမ်တွေက ကပ်လျက်ပဲဆိုတော့ မီးကူးပြီးလောင်ကုန်တာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency