ကော့ကရိတ်မြို့နယ်အတွင်း  တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအချို့ သေဆုံး

  Photo: Lion Battalion Commando - ဗျူဟာစစ်ကြောင်း
  Photo: Lion Battalion Commando - ဗျူဟာစစ်ကြောင်း
ကော့ကရိတ်မြို့နယ်အတွင်း  တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအချို့ သေဆုံး

 ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကျုံဒိုး၊ ငါးတိုင်နှင့် လှိုင်ဝ အကြားတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်၏ နံနက်ပိုင်းတွင် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအချို့ သေဆုံးမှုများရှိခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

၎င်းစစ်ကောင်စီတပ်ကို  ကော်သူးလေတပ်မတော် ( KTL Army )၏ ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion Commando - ဗျူဟာစစ်ကြောင်းနှင့်အတူ အခြားသော ပူးပေါင်းစစ်ကြောင်းများက အနီးကပ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက် (၃) လက် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှဗိုလ်မှူး (၁)ဦး၊ တပ်ရေးဗိုလ်ကြီး(၁)ဦး၊ တပ်သား (၃)ဦး နှင့် ရဲမေတစ်ဦး သေပြီး  ထိခိုက်သူများပြားခဲ့ကြောင်း သိရသည်။

Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် အခြားပူးပေါင်းစစ်ကြောင်းများဘက်မှ ထိခိုက်ကျဆုံးမှုမရှိပဲ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု သိရသည်။