တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြိုနယ် နန်းတုတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၂၀၂၄ခုနှစ် မတ်လ (၂၂)ရက်နေ့ ည(၁၂)နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်(၅)လုံးပျက်စီးသွားကြောင်း PNLAထံမှ သိရသည်။ 

စစ်ကောင်စီက နန်းတုတ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နန်းတုတ်ကျေးရွာရှိ နေအိမ်(၅)လုံးနှင့် ဆေးခန်းတစ်လုံး ပျက်စီးသွားကြောင်း သိရသည်။

မတ်လ(၂၀)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့ကို လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့ကို Y12 လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်း (၁၀၀)ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကာ တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info