ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ နေအိမ်တစ်ဝက်ခန့်ကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသဖြင့် စစ်ကောင်စီ ဖယ်ရှားခိုင်း

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ နေအိမ်တစ်ဝက်ခန့်ကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသဖြင့် စစ်ကောင်စီ ဖယ်ရှားခိုင်း

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာရှိ နေအိမ်တစ်ဝက်ခန့်ကို လာမည့် ၂၀၂၃ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် စစ်ကောင်စီက စာထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာရှိ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် နေအိမ်၊ အဆောက်အအုံများကို ဖယ်ရှားပေးရန် စစ်ကောင်စီ၏ 

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီက စာများကပ်ကာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

"နန်းဦးလွင် တစ်ခုလုံးဖျက်တာမဟုတ်ပါဘူး။ ရွာခြေကနေစပြီး လယ်မြေထဲအကွက်ရိုက်ထားတာတွေ၊ တာဝါတိုင်နားတွေနဲ့ ဆည်မြောင်းနားကအိမ်တွေပဲ စာကပ်သွားပါတယ်။ အနားပတ်ဝန်းကျင်က ရွာမြေတွေ၊ အခြားနည်းကျပြီး မြေပေါ်ဆောက်ထားတဲ့ အဆောက်အဦးတွေနဲ့ ဂရံမြေအမျိုးမျိုးပေါ်ဆောက်ထားတဲ့အဆောက်အဦးတွေ မပါဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထုတ်ပြန်စာတွင် လယ်ယာမြေဥပဒေပုဒ်မ(၁၂)ပါ စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဇွန်လ(၂၆)ရက်နေ့က ပြုလုပ်သော အစည်းဝေးဆုံးဖြတ်ချက်ဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ-၁၉ ခ အရ  လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo : Min Thu