မန္တလေး PDF ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်

မန္တလေး PDF ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်
ဖေဖော်ဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး PDF)ထံသို့ စစ်ကောင်စီတပ် ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ ၂၀၂၄ခုနှစ် ဖေော်ဝါရီလ (၉)ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် MA 3 တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ကျည် (၂၅၀)ဖြင့် အလင်းဝင်ရောက်လာသဖြင့် ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ပြည်သူလူထုဘက်သို့ရပ်တည်၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများအား နွေးထွေးလုံခြုံစွာလက်ခံနေသည်ဟု ထုတ်ပြန်ထားသည်။