ဂန့်ဂေါမြို့နယ်ပေါ် ရပ်ကွက်(၂)အတွင်း မီးလောင်မှု ဖြစ်ပွား

ဂန့်ဂေါမြို့နယ်ပေါ် ရပ်ကွက်(၂)အတွင်း မီးလောင်မှု ဖြစ်ပွား
ဇန်နဝါရီ 30, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်း ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၀) နံနက်(၇)နာရီခွဲကျော်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသည် Gangaw Youths Voice ၏ ဖော်ပြချက်အရ CB bankအနီးရှိ Adra Myanmar ရုံးဟု သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ ဂန့်ဂေါခရိုင်/မြို့နယ် မီသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး နှင့် ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်နေလျက်ရှိကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းအား မီးသတ်တပ်ဖွဲ့မှ စစ်ဆေးနေလျက်ရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ