ဒေါက်တာ ခလမ်ဆန်ဆွမ်ကို စစ်ကောင်စီတပ်က ပြန်မလွတ်ပေးသေး

ဒေါက်တာ ခလမ်ဆန်ဆွမ်ကို စစ်ကောင်စီတပ်က ပြန်မလွတ်ပေးသေး

ဆရာတော် ဒေါက်တာ ခလမ်ဆန်ဆွမ်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပြီးနောက် ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၃)ရက်နေ့အထိ ပြန်မလွတ်ပေးသေးကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ (၁၇)ရက်နေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆန်ဆွမ်ကို စစ်ကောင်စီတပ်က ဧပြီလ(၁၈)ရက်နေ့ ညပိုင်းတွင် ပြန်လည်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆန်ဆွမ်သည် အသက်အရွယ်ရလာသည်နှင့်အမျှ ကျန်းမာရေးအားနည်းခြင်းကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်ကာ မိသားစုနေအိမ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် မျှော်လင့်နေကြောင်း ထုတ်ပြန်ထားသည်။

ဒေါက်တာ ခလမ်ဆန်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)  အမှုသုံးမှုဖြင့် ထောင်ဒဏ် (၆)နှစ်ချမှတ်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာ ခလမ်ဆန်ဆွန်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့်လည်း တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။

#TachileikNewsAgency