ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ(၂၀)ကျော်ကိုဖမ်းဆီး ရွာလုံးကျွတ်မီးရှို့

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ(၂၀)ကျော်ကိုဖမ်းဆီး ရွာလုံးကျွတ်မီးရှို့
ဖေဖော်ဝါရီ 8, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ(၂၀)ကျော်ကို ဖမ်းဆီးထားပြီး ရွာကိုမီးရှို့ဖျက်ဆီးသွားကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄)ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့က စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ သဖန်းဇင်ကျေးရွာ၌ တပ်စွဲထားသော အင်အား(၆၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နေ့လယ် (၁၁)နာရီခွဲကျော်တွင် တစ်ကြိမ်၊ ည(၁၁)နာရီခွဲ ဝန်းကျင်တွင် တစ်ကြိမ် စနိုက်ဘာ၊ (၄၀)မမတို့ဖြင့် ပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူရှိပြီး အထိနာသွားသော စစ်ကောင်စီတပ်သည် မြစ်အရှေ့ဘက်ကမ်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ သဖန်းဇင်ရွာအား ရွာလုံးကျွတ်မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ပြီး ဒေသခံ(၂၀)ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ (၄)၊ နေပြည်တော် PDF၊ ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဆက်လက် စစ်ဆိုင်ထားဆဲဖြစ်သဖြင့် ဒေသခံများ စစ်ကောင်စီတပ်သားများ၏ နီးစပ်ရာနေရာများသို့ သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency