ကိုးကန့်ဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူ ၃၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ MNDAA ဖမ်းမိ

ကိုးကန့်ဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူ ၃၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ MNDAA ဖမ်းမိ
ဖေဖော်ဝါရီ 4, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ စွမ်းဟော့ချိန်နှင့် တုံချိန်ရှိ နေရာ(၂)ခုကို MNDAAက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် နယ်မြေရှင်းလင်းခဲ့ရာ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ(၃၆)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို ပြစ်မှုကျုးလွန်ရာတွင်အသုံးပြုသော လက်ကိုင်ဖုန်းအများအပြားနှင့် ဆက်စပ်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အထူးဒေသ ရဲဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေးအထူးစီမံချက် ဒုတိယနေ့တွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ရာဇဝတ်မှုပေါင်းစုံ ပပျောက်စေရန်အတွက် အထူးဒေသ စစ်အုပ်ချူပ်ရေးကော်မတီလက်အောက်ရှိ အဖွဲ့များက ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်‌နေခြင်းဖြစ်သည်ဟု ဆိုသည်။

တရားဝင်နေထိုင်သည့် ပြည်ပနိုင်ငံသားများအား ယာယီနေထိုင်ခွင့် မှတ်ပုံတင်နှင့် ယာယီနေထိုင်ခွင့် သက်သေခံလက်မှတ်တို့ကို MNDAAက လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: The Kokang