သံဖြူဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် (၂)ဦးကို လက်နက်များနှင့်အတူ တောင်ညိုစစ်ကြောင်းက ဖမ်းဆီးရမိ

Photo: ကစယ့်သူးတပ်ရင်း - တောင်ညို တပ်ခွဲ ၁
Photo: ကစယ့်သူးတပ်ရင်း - တောင်ညို တပ်ခွဲ ၁
သံဖြူဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် (၂)ဦးကို လက်နက်များနှင့်အတူ တောင်ညိုစစ်ကြောင်းက ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

သံဖြူဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် (၂)ဦးကို လက်နက်များနှင့်အတူ တောင်ညိုစစ်ကြောင်းက ဖမ်းဆီးရမိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဒေသခွဲဒေသတွင် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင်(၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၄)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံက ယနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့က  မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကရုပ္ပိကျေးရွာအုပ်စုနေ ကရုပ္ပိပြည်သူ့ စစ်ခေါင်းဆောင် (ကရုပ္ပိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း) ဦးကာတွန်း (ခ) ဦးမောင်စိန် အား ၎င်းပိုင်ဆိုင်သော ငါးမွေးမြူရေးကန်ရှိခြံတစ်ခုတွင် အလုပ်လုပ်နေစဥ် တောင်ညိုစစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရာတွင် ဦးကာတွန်းအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်နှင့် အလုပ်သမား(၄)ဦးတို့သည် ပြန်လည်ခုခံခြင်းမရှိဘဲ ဖမ်းဆီးခံခဲ့ပြီး ဦးကာတွန်း ကိုင်ဆောင်သော (၅)လုံးပြူး (.၃၈၀) သေနတ်တစ်လက်

နှင့် ၎င်းကျည် (၁၁)တောင့်၊ ဦးမောင် ကိုင်ဆောင်သော AK 47 သေနတ်တစ်လက်နှင့် ၎င်းကျည် (၂၀)တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်

ထို့နောက် ဦးမောင်စိန် သိမ်းဆည်းထားသော ပြည်သူ့စစ်သေနတ်များဖြစ်သော AK47 သေနတ်(၂)လက်နှင့် ၄င်းကျည်(၂၀)တောင့်၊ M16 သေနတ်တစ်လက်နှင့် ၎င်းကျည်တစ်တောင့်အား ဦးမောင်စိန်၏ နေအိမ်အတွင်းမှ ထက်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများထဲမှ မသက်ဆိုင်သော အလုပ်သမား(၄)ဦးအား  ပြန်လည်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးရမိသောသူများအား တောင်ညိုစစ်ကြောင်း တပ်ခွဲ(၁)မှ တောင်ပိုင်းတိုင်းမှ ချမှတ်ထားသောဥပဒေ နှင့်အညီ ထိန်းသိမ်းထားကာ သက်ဆိုင်ရာဌာနသို့လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်ဟု သိရသည်။