စစ်ကောင်စီတပ်၏ တပ်သား(၂)ဦး Cobra စစ်ကြောင်း မှ တဆင့် CDM ပြုလုပ်လာ

CDM စစ်သား နှင့်  Cobra Column စစ်ကြောင်းမှူး [ Photo:  Cobra Column  ]
CDM စစ်သား နှင့် Cobra Column စစ်ကြောင်းမှူး [ Photo: Cobra Column ]
စစ်ကောင်စီတပ်၏ တပ်သား(၂)ဦး Cobra စစ်ကြောင်း မှ တဆင့် CDM ပြုလုပ်လာ
ဧပြီ 27, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၁) သထုံမှ တပ်သားဝင်းထွန်းနှင့် ခမရ (၅၅၉)ဘုတ်ပြင်းမှ တပ်သား ကျော်ဇောဟိန်းတို့နှစ်ဦး Cobra တပ်ဖွဲ့နှင့်ဆက်သွယ်ကာ ပြည်သူ့ထံခိုလှုလာကြောင်း Cobra စစ်ကြောင်း က ယနေ့ဧပြီလ(၂၆)ရက်တွင် သတင်းထုတ်ပြန်သည်။

၎င်းတပ်သားနှစ်ဦးသည် မတ်လ(၁၀)ရက်နေ့က ရှေ့တန်းတစ်နေရာတွင် ကော်ဘရာစစ်ကြောင်းထံသို့ ဆက်သွယ်ခိုလှုံခဲ့ကြခြင်းဖြစ်ပြီး Cobra စစ်ကြောင်းအနေဖြင့် CDM အဖြစ် ပြည်သူ့ရင်ခွင် ခိုလှုံလာကြသူများအား နွေးထွေးစွာ ကြိုဆို လက်ခံခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၎င်းတို့နှင့် မိသားစုလုံခြုံရေး၊ နေထိုင်ရေးများအား တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိပြီး လက်နက်နှင့်တစ်ကွ CDM ခိုလှုံကြမည့်သူများ အနေဖြင့်လည်း Cobra Column ထံ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Cobra Column