ရှမ်းမြောက်ရှိ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော် အကူအညီပေး

ရှမ်းမြောက်ရှိ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော် အကူအညီပေး
ဇန်နဝါရီ 18, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းမြောက်ဒေသ၏ မူဆယ်နှင့် ၁၀၅ မိုင် အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် အခြေခံစားသောက်ကုန်များကို ကူညီပေးခဲ့ကြောင်း သိရသည်။

စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် တသွေးတည်း၊ တသားတည်း အချိန်မရွေး ရှိနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေသည်ဟုလည်း ဆိုသည်။

ထို့အပြင် စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk