မင်းတပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး စနိုက်ပါဖြင့် ပစ်ခံရ

မင်းတပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး စနိုက်ပါဖြင့် ပစ်ခံရ
ဇန်နဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး စနိုက်ပါထိမှန်ဒဏ်ရာရကြောင်း CDFမင်းတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အနီးတွင် ဇန်နဝါရီလ (၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် CDFမင်းတပ်တို့၏ တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး စနိုက်ပါထိမှန်ဒဏ်ရာရခြင်းဖြစ်ပြီး သေဆုံးနိုင်သည်ဟု သိရသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က နေအိမ်(၂)လုံးကို မီးရှို့ဖျက်ဆီးသွားပြီး‌နောက် တိုက်နယ်(၄)ဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား(၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

ဒီဇင်ဘာလ (၂)ရက်နေ့တွင် စစ်ကောင်စီတပ်မှ တိုက်နယ်(၄)ဖက်သို့ လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်ခဲ့ရာ နေအိမ်(၃)လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency