နတ်ကန္နားပွဲ လုံခြုံရေးယူပေးနေသည့် ကဝမြို့နယ် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

နတ်ကန္နားပွဲ လုံခြုံရေးယူပေးနေသည့် ကဝမြို့နယ် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် နတ်ကန္နားပွဲလုံခြုံရေးယူပေးနေသည့်  သရက်ကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင် ဘိုမြင့်ဆိုသူ ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့ ညပိုင်းတွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခံရပြီး‌ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးအုပ်ကြီး ဘိုမြင့်၏ အလောင်းကို သရက်ကုန်းတိုက်နယ်ဆေးရုံမှတဆင့် ၎င်း၏နေအိမ်သို့ ထော်လာဂျီဖြင့် သယ်ဆောင်သွားခဲ့ပြီးနောက် ပျူစောထီးများရောက်ရှိလာကာ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။ 

ဘိုမြင့်သည် စစ်ကောင်စီ‌ခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးသင်တန်း တက်ရောက်၍ သေနတ်ထုတ်ယူထားသည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ကာ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အရပ်သားများအား ဖမ်းဆီးနှိပ်စက်ထောင်ချခြင်း၊ ငွေညှစ်ခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ ၎င်း၏အိမ်တွင် စခန်းချခြင်းနှင့် စစ်ဆေးရေးဂိတ်ဖွင့်ခြင်းများကို ပြုလုပ်နေသူဖြစ်သည်ဟု ကဝမြို့နယ်ပကဖထံမှ သိရသည်။

#TachileikNewsAgency