ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်

ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း(၁၆) တပ်ခွဲ (၃) သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ ကျည်ဘောက် (၄)ခု၊ ၇.၆၂ ကျည် (၂၀၀)တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ ဓားတစ်ချောင်း၊ ကျည်ကာတစ်ထည်တို့နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၆)ရက်နေ့က ဆားလင်းကြီးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်(၇)ဖွဲ့ စုပေါင်း၍ တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပူးပေါင်းတပ်များသည် ဆားလင်းကြီးမြို့နယ် ထွေအုပ်ရုံးအနီး ကန်ဦးဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝင်တိုက်ခဲ့ပြီး ကျန်ရှိတပ်ဖွဲ့များက စစ်ကောင်စီတပ်များ စစ်ကူမလာနိုင်အောင် ကြားဖြတ်စစ်ရေးလှုပ်ရှားပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency