ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက် 

ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း ဖြူးမြို့ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းထံမှ သိရသည်။

အဆိုပါစခန်းကို တော်၀င်ဒေါင်းစစ်ကြောင်းနှင့် ရိုးမစစ်ကြောင်း (၁) အာဠာဝကစစ်ကြောင်း၊  BLPAနှင့် KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ပြီး နံနက်(၅)နာရီတွင် စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

စခန်းတွင် စစ်ကောင်စီတပ်အင်အား (၆၀)ခန့်ရှိသည့်အနက် (၃၀)ခန့် သေဆုံးခဲ့ကာ စခန်းအား သိမ်းပိုက်ရရှိပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပြီး အထိခိုက်အကျဆုံးများစွာဖြင့် စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာထွက်ပြေးသွားသည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ RPG ထိပ်ဖူး (၂၁)လုံး၊ RPG ပို့ယမ်း(၁၇)ခု၊ (၉)မမ ကျည် (၈၀)တောင့်၊ (၆၀) မမ ဗုံးသီး (၂၇)ခု၊ G2 တစ်လက်၊ G3 (၂)လက်၊ ပြောင်းချော (၄)လက်၊ BA 94 (၂)ခု၊ MA-13 တစ်လက်၊ Tear Gas Gun (၂)ခု၊ လက်ပစ်ဗုံး (၆)လုံး၊ G3 ကျည် (၂၃၁)တောင့်၊ (၅.၅၆)ကျည် (၁၄၃)တောင့်၊ လက်ထိပ်(၄)ခု၊ လက်တော့တစ်လုံး၊ မျက်ရည်ယိုဗုံး (၄၆)လုံး၊ အသံဗုံးတစ်လုံး၊ ကျည်ကာ(၂)ခု၊ ဦးထုပ် (၅)လုံး၊ G3 ကျည်ဘောက် (၆)ခုနှင့် (၉)လုံးကျည် (၂၀၁)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Royal Peacock Column-P 29913