နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းကို SSPP/SSA ဝင်ရောက်ဖမ်းဆီးရာ တရုတ်နှင့် မြန်မာနိုင်ငံသား ၁၁၆ ဦးဖမ်းမိ

နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းကို SSPP/SSA ဝင်ရောက်ဖမ်းဆီးရာ တရုတ်နှင့် မြန်မာနိုင်ငံသား ၁၁၆ ဦးဖမ်းမိ
နိုဝင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့် (ကျားဖြန့်)ဂိုဏ်းတစ်ခုကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်အထဲတွင် တရုတ်နိုင်ငံသား (၈၈)ဦးနှင့် မြန်မာ နိုင်ငံသား(၂၈)ဦး စုစုပေါင်း တရားခံ (၁၁၆)ဦးကို ဆက်စပ်ပစ္စည်းများဖြစ်သည့် Desktop Computer (၁၄၅)လုံး၊ ဖုန်း(၂၀၄) လုံး၊ တရုတ်ငွေ (၁၉,၁၅၀)ယွမ်၊ မီးခံသေတ္တာတစ်လုံး၊ Lnad Cuniser ကားအမျိုးအစား တစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတရားခံများထဲမှ တရုတ်နိုင်ငံသား (၈၈)ဦးကို နိုဝင်ဘာလ (၂၃)ရက်နေ့တွင်ပင် တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက်ပြီး  မြန်မာနိုင်ငံသား တရားခံ (၂၈)ဦးကို SSPP/SSA မှ အမှုစစ်ဆေးပြီး အရေးယူသွားမည်ဟု ဆိုသည်။ 

SSPP/SSA တပ်ဖွဲ့မှလည်း ၎င်းအုပ်ချုပ်ရေးနယ်မြေအတွင်း တရားမဝင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရေးနှင့်  ရှိလာပါက လူမျိုးဘာသာမရွေး ထိရောက်စွာ တားဆီးနှိမ်နင်းသွားမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : SSPP Info