လွိုင်ကော်မြို့ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး မိသားစုနှင့်အတူ လက်နက်အပ်ကာ ပြည်သူဘက်ကူးပြောင်း

လွိုင်ကော်မြို့ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး မိသားစုနှင့်အတူ လက်နက်အပ်ကာ ပြည်သူဘက်ကူးပြောင်း
နိုဝင်ဘာ 14, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး မိသားစုနှင့်အတူ လက်နက်အပ်ကာ ပြည်သူဘက်သို့ ကူးပြောင်းလာကြောင်း KNDF-B-02က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့သည် စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်း‌ဆောင်လိုစိတ်မရှိတော့သည်မှာ မှန်သော်လည်း မထွက်ခွာနိုင်ဘဲ နေထိုင်ခဲ့ရပြီး စစ်ကောင်စီလက်မှ ထွက်လာပြီးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက နှိပ်စက်မည်ကို ကြောက်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် CDM ပြုလုပ်ရန် ဆက်သွယ်ခဲ့သဖြင့် ရဲတပ်ကြပ်နှင့် မိသားစုကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီးနောက် လုံခြုံသည့်နေရာတစ်ခုတွင် ထားရှိကြောင်း သိရသည်။ 

၎င်းသည် G3 သေနတ်တစ်လက်၊ ကျည်အချို့ကို ယူဆောင်လာပြီး အပ်နှံခဲ့သဖြင့် KNDFမှ ငွေကျပ်သိန်း(၃၀)ကို ပြန်လည်ပေးအပ်ခဲ့ကာ မိသားစုဘဝ ဆက်လက်ရပ်တည်နိုင်ရေး ကူညီပေးသွားမည်ဟု သိရသည်။

#TachileikNewsAgency