ကွတ်ခိုင်မြို့နယ်တွင်  TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့နယ်တွင်  TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
ဇူလိုင် 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မန်ပြိန်းနှင့် ကောင်းခမ်းကျေးရွာကြားတွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက်ပိုင်းက တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်ပြိန်းနှင့် ကောင်းခမ်းကျေးရွာကြားရှိ စစ်ကောင်စီတပ် စကခ (၁၆)နှင့် ခလရ (၆၉)တပ်အား TNLAက တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင်လည်း ကွတ်ခိုင်ဘက်မှ သိန္နီမြို့ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်မှ ကား(၇)စီးကိုလည်း TNLAက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လအတွင်း TNLAနှင့် စစ်ကောင်စီတပ်တို့အကြား မိုင်းငေါ့မြို့နယ်တွင် (၁)ကြိမ်၊ မူဆယ်မြို့နယ်တွင် (၁)ကြိမ်နှင့် ကွတ်ခိုင်မြို့နယ်တွင် (၁)ကြိမ် စုစုပေါင်းတိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : TNLA တပ်သားများ (ပုံဟောင်း)