ကောလင်းမြို့အား NUG အစိုးရ အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်ရေးအရ ပြည်သူများအား မြို့တွင်းသို့ဝင်ခွင့်မပြုသေး

ကောလင်းမြို့အား NUG အစိုးရ အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်ရေးအရ ပြည်သူများအား မြို့တွင်းသို့ဝင်ခွင့်မပြုသေး
နိုဝင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့အား အမျိုးသားညီညွတ်ရေး(NUG) အစိုးရက အပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် 

စစ်ရေးအခြေအနေအရ လေကြောင်းအန္တရာယ်မရှိစေရေးအတွက် ပြည်သူများအား မြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်မပြုသေးဟု သိရသည်။

မြို့တွင်းမှပြည်သူ အကုန်နီးပါး ကယ်ထုတ်ထားနိုင်ခဲ့ပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်၏ ဝန်းသို (၁၂၀)တပ်ရင်းမှ ပစ်သော ဟောင်ဝှစ်ဇာ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲတွင်း ပစ်ခတ်မှုများကြောင့် ပြည်သူများလည်း ထိခိုက်မှုရှိပြီး သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးဟု Kawlin Revolution -KRက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ရှောင်များကို မြို့နယ်ပအဖအဖွဲ့မှ စောင့်ရှောက်နေရပြီး ဆက်သွယ်ရေးလမ်းပိတ်ဆို့မှုကြောင့် စားသုံးဆီ၊ စက်သုံးဆီ၊ဆေးဝါး၊ ခြုံစောင်များနှင့် အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo :Kawlin Revolution-KR