စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းမိ

စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းမိ
အောက်တိုဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူများ အပါအဝင် အရာရှိ၊ တပ်သား(၇)ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူး(၁)ဦး၊ စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီး(၁)ဦး ၊ တစ်ပွင့်ဗိုလ် (၁)ဦးနှင့် တပ်ကြပ်ကြီးအဆင့် (၂)ဦး၊ ပြည်သူ့စစ် (၂)ဦးနှင့် ၄င်းတို့၏ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)သည် ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ တောင်သမန် စစ်ဆင်ရေးဖြင့် ပါဝင်နေခြင်းဖြစ်ပြီး စစ်ဆင်ရေး ကာလအတွင်း အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ရဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။

#TachileikNewsAgency