ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ် လူထုလှုပ်ရှားမှုပြုလုပ်ရန်တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ် လူထုလှုပ်ရှားမှုပြုလုပ်ရန်တောင်းဆို

စစ်ကိုင်းတိုင်းရှိ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက လာမည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်‌နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၈)နှစ်ပြည့်မွေးနေ့အတွက် ပန်းသပိတ် လူထုလှုပ်ရှားမှုတွင်ပါဝင်ကြရန် တောင်းဆိုသည့် သပိတ်ကို ယနေ့ ဇွန်လ(၁၅)ရက်နေ့တွက် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်းဆီးခံထားရသည့် သောင်းနှင့်ချီသည့် ရဟန်းရှင်လူ ကျောင်းသား၊ ပြည်သူ၊ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား အောက်မေ့သောအား ဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပန်းသပိတ် လူထုလှုပ်ရှားမှုကို နိုင်ငံလုံးကျွတ် ဖော်ဆောင်ဆင်နွှဲကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

#TachileikNewsAgency

Photo : မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ