နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ် 

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ် 
အောက်တိုဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ နံနက်ပိုင်းက TNLA ရှိရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တအာင်းပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(TNLA)ရှိရာ နောင်ချိုမြို့နယ် ကုန်စံနှင့် ဒိုပင်ရွာကြားသို့ စစ်ကောင်စီတပ်ဖွဲ့ ခလရ(၂၅၂)၊ (၂၅၇)တို့က အင်အား (၁၄၀)ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်နှင့် TNLA တို့သည် ပြီးခဲ့သည့် စက်တင်ဘာ (၂၈)ရက်နေ့က ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ ရပ်တန့်နေရာမှ ယနေ့ အောက်တိုဘာလ (၉)ရက်နေ့တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခြင်းဖြစ်သည်။

#TachileikNewsAgency