ကမ္မမြို့ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများနှင့် USDPပါတီရုံးတို့ကို PDF ၂၄ ဖွဲ့ ပူးပေါင်းတိုက်ခိုက်

ကမ္မမြို့ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများနှင့် USDPပါတီရုံးတို့ကို PDF ၂၄ ဖွဲ့ ပူးပေါင်းတိုက်ခိုက်
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

မ‌ကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္မမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂၄)ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်လှန် ပစ်ခတ်မှု ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က Mi 35 ရဟတ်ရယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု Pakokku People Defence Force(PDF)က ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များက စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကာ  ကမ္မရဲစခန်း တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ ထွေအုပ်ရုံးအပါအဝင် ရုံး(၄)ရုံးနှင့် ကြံ့ဖွံ့ရုံးတို့အား မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ(၁)၊ ပကဖ တပ်ခွဲ(၂) (Young Force-UG)၊ ပကဖ တပ်ခွဲ(၃) Pakokku Special Tesk Force၊ ပကဖ တပ်ခွဲ(၄)-Pakokku Special Guerrillas Force၊ Pakokku Speical Guerrila Force၊ Black Cheater၊ Urban Underground Revolution Force၊ King Fighter၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(MRG)၊ Royal 7 (Myaing)၊ The Red Revolters၊ ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ Pakokku Underground Force၊ တော်ဝင်ကျား(ပေါက်)၊ YGF(ပေါက်)၊ PKU Ranger၊ ရွှေညာမြေ၊ အနောက်လွင်ပြင်(ပေါက်)၊ BLY ပြောက်ကျားတပ်ဖွဲ့၊ ဧရာအနောက်ပခုက္ကူ၊Thurain(Drone)၊ MRDF၊Bagan Nyaung-U Special Task Force၊ Kamma Underground Forceနှင့် ဘီလူးပြောက်ကျားတို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency