ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်

ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်  ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်များ ၂၀၂၃ခုနှစ် ‌ဇွန်လ (၂၅)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သာစည်ကျေးရွာနှင့် ဇင်းကလင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများအား လာရောက်ခေါ်ဆောင်ကာ ပြန်လည်ဆုတ်ခွါလာသော  ဖောကား (၃)စီး၊ (၃)ဘီးဆိုင်ကယ်တစ်စီး၊ အိမ်စီးကား(၂)စီးနှင့် စစ်ကားအကြီး(၂)စီးတို့ပါဝင်သော ယာဉ်တန်းအား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များသည် အဆိုပါ ယာဉ်တန်းအား ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ကလေးမြို့အတွင်းရှိ အမြောက်တပ်နှင့် ကလေးမြို့အထွက်ရှိ စစ်ကောင်စီဂိတ်တို့က လက်နက်ကြီးပစ်ကူပေးခဲ့သဖြင့် CNDF မှ ရဲဘော်တစ်ဦးကျဆုံးပြီး CDF-KKG မှ ရဲဘော်(၃)ဦး၊ ပကဖ ရဲဘော်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း CDF-KKGက ယနေ့ ဇွန်လ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency