ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးဒဏ်ရာရ

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးဒဏ်ရာရ
သြဂုတ် 24, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ  ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကလေး(၃)ဦးဒဏ်ရာရကြောင်း KNDFဗဟိုထံမှ သိရသည်။

စစ်ကောင်စီတက်ဖွဲ့ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နှင့် (၈)နှစ်အရွယ် ကလေးငယ် (၃)ဦး ဒဏ်ရာရပြီး တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည်ဟု သိရသည်။

(စိတ်မချမ်း‌မြေ့ဖွယ်ပုံရိပ်များ ပါဝင်သဖြင့် အခြားသတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency/42247 တွင် ကြည့်ရှုနိုင်ပါသည်)

#TachileikNewsAgency

Photo : KNDF