လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ၃၃ သိန်းကျပ် ချီးမြှင့်

လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ၃၃ သိန်းကျပ် ချီးမြှင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ အမှတ်(၁၁) တပ်ရင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတစ်ဦးကို ငွေကျပ် (၃၃)သိန်း ချီးမြှင့်လိုက်ကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းမှ တပ်သားတစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ (၂၇)ရက်နေ့က MA-16 A1 (၁)လက်၊ ကျည်ဘောက် (၂)ခု၊ ၅.၅၆ ကျည် (၃၀)တောင့်နှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းလာသည့် ရဲတပ်သားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်၊ အမှတ်(၁၁) တပ်ရင်းက လုံခြုံဘေးကင်းစွာထားကြောင်း သိရသည်။

ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုခြင်း(သို့) တပ်တွင်းသတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်းများ၊ စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်နိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့