ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရ

ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာရ
သြဂုတ် 13, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီးတွင် ယမန်နေ့ ည‌နေပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတပ်မတော်(KA)က ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီးကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိနာသည့်  စစ်ကောင်စီတပ်သည် လေကြောင်းအပြင် လက်နက်ကြီးနှင့်ပါ ပစ်ကူပေးခဲ့သည်ဟု သိရသည်။ 

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်များအကြား ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သြဂုတ်လ (၂)ရက်နေ့ကစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

#TachileikNewsAgency