KNU တပ်ရင်း(၈) ဒေသအတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်း(၇၀၀)ကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

KNU တပ်ရင်း(၈) ဒေသအတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်း(၇၀၀)ကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်း(၇၀၀)ကျော်ရှိ မူးယစ်ဆေးဝါးများကို ၂၀၂၄ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် KNU မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

အဆိုပါဖမ်းဆီးရရှိခဲ့သည့် မူးယစ်ဆေးဝါးများကို KNU တပ်ရင်း (၈) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူများ၊KNLA တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့်အတူ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) တာဝန်ရှိခေါင်းဆောင်များဦးစီး၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများအနက် ဆေးခြောက်၊ ဆေးပြားများအပြင် အရက်သေစာများလည်း ပါဝင်သည်ဟု သိရသည်။

KNU တပ်ရင်း(၈)ဒေသအတွင်း မူးယစ်ဆေးဝါးများ ဝယ်ယူ၊ရောင်းချ၊ သုံးစွဲခြင်းများကို တင်းကြပ်စွာ ပိတ်ပင်တားပြီး ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများအား ပြဌာန်းထားသည့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻