မြဝတီမြို့အနီး တဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီပူးပေါင်း BGF တပ်တို့ ပူးပေါင်းတပ်များကို စစ်ကြောင်းထိုးတိုက်ခိုက်၊ ကျားသစ်နက်စစ်ကြောင်းက လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မြဝတီမြို့အနီး တဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီပူးပေါင်း BGF တပ်တို့ ပူးပေါင်းတပ်များကို စစ်ကြောင်းထိုးတိုက်ခိုက်၊ ကျားသစ်နက်စစ်ကြောင်းက လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီပူးပေါင်း BGF တပ်တို့နှင့် KNLA ပူးပေါင်းတပ်များ ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့က စတင်ကာ (၂၂)နံနက်ပိုင်းအထိ တိူက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် မြဝတီမြို့အနီး နေရာအများအပြားအား ဖြန့်ကျက်နေရာယူကာ စစ်ကြောင်းထိုးလာပြီး ကျားသစ်နက်တပ်ဖွဲ့များ လုံခြုံရေးဆောင်ရွက်နေသည့်နေရာကို ဧပြီလ (၂၁)ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ဒါ့အပြင် ဧပြီလ(၂၂)ရက်နေ့၏ နံနက်ပိုင်းတွင်လည်း  တိုက်လေယာဉ်ဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်များ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

 BGF တပ်များမှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးများဖြင့် နေ့ရောညပါ ပစ်ခတ်နေရာ ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။

ထို့အပြင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များနှင့် အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁) ၊ စစ်ကြောင်း(၂) ၊ Federal Wings ၊ Golden Eagle ၊ရောင်နီတို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။