ရဲစခန်းနှင့် ပျူစောထီးစခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်

ရဲစခန်းနှင့် ပျူစောထီးစခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောရွာရှိ ပျူစောထီးစခန်းကို ၂၀၂၃ခုနှစ် ဩဂုတ်လ (၁)ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဗုံးသီး(၃)ကီလို သယ်ဆောင်နိုင်သည့် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများ ထိခိုက်သူ ရှိနိုင်သည်ဟုလည်း ဆိုသည်။

တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Special Task Force-SSTF(Shar Htoo Wawနည်းပညာတပ်ဖွဲ့  ၄၊ ၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။  

ထို့အပြင် စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မရဲစခန်းကိုလည်း ဒေသကာကွယ်ရေးတပ်များက ဒရုန်းအသုံးပြု၍ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများရှိခဲ့ပြီး ဒေသကာကွယ်ရေးတပ်၏ ဒရုန်းလည်း ထိခိုက်ပျက်ဆီးမှု ရှိခဲ့သည်ဟု ဆိုသည်။ 

၎င်းတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ဦးဆောင်၍ Civil Media Supporting Team(CM-SRPST)၏ ထောက်ပံ့မှုနှင့်အတူ ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါးနီတပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅)နှင့် ဆားတောင်မိုးကြိုး Local PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency