မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ ဝင်ပစ်

မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ ဝင်ပစ်
စက်တင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို ဥဩစစ်ကြောင်း(ထားဝယ်)နှင့် ပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု ဥဩစစ်ကြောင်း(ထားဝယ်)က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုပြီးနောက် ပူးပေါင်းတပ်ရဲဘော်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် နီးကပ်သည့်နေရာများတွင် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency