စစ်ကောင်စီတပ်များရှိသည့် မန္တလေးနန်းတွင်းနှင့် ထောက်လှမ်းရေးတပ်တို့ကို လက်နက်ကြီးဖြင့်ပစ်ခတ်

စစ်ကောင်စီတပ်များရှိသည့် မန္တလေးနန်းတွင်းနှင့် ထောက်လှမ်းရေးတပ်တို့ကို လက်နက်ကြီးဖြင့်ပစ်ခတ်

မန္တလေးမြို့  နန်းတွင်းရှိ စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ နန်းတွင်းနှင့် ထောက်လှမ်းရေးတပ် အမှတ်(၁၆)ဝန်းအတွင်းကို ယနေ့  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့ နံနက်ပိုင်းက (၈၀)မမနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMDအဖွဲ့ထံမှ သိရသည်။

(၆၆)လမ်း၊ (၁၄)လမ်းထောင့်မှ စစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေး နန်းတွင်းကို (၈၀)မမ လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမရပူရမြို့ ကွက်သစ် သံလမ်းအနီးရှိ ထောက်လှမ်းရေးတပ် အမှတ်(၁၆)အတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်း အခက်အခဲကြောင့် လက်လုပ်လက်နက်ဖြင့်သာ ပစ်ခတ်နိုင်ခဲ့ကာ ပစ္စည်းချို့ယွင်းမှုကြောင့် (၈၀)မမ အဖူး (၁)ဖူးစီသာ ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ၏ လုံခြုံရေးအရ (၈၀)မမပြောင်းများ၊ အဖူးများအား ပြန်လည်ယူဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ဟုဆိုသည်။

အဆိုပါ စစ်ဆင်ရေးလုပ်ဆောင်ခဲ့သောနေရာအား သတိထား ရှောင်ရှားကြရန်လည်း No More Dictatorship People Defence Force-NMD အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : No More Dictatorship People Defence Force-NMD