ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်ကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်ကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ

အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

၎င်းတရုတ်ကိုယ်စားလှယ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေပြီး Tachileik News Agencyအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းကာလတွင် မစ္စတာတိန့်ရှီးကျွင်းနေရာ၌ တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စတာဆွန်ကောရှန်းသည်လည်း နေပြည်တော်ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့ဖူးသေးသည်။ 

မစ္စတာ တိန့်ရှီးကျွင်းသည် ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက နေပြည်တော်ကို လာရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

#TachileikNewsAgency