မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသောနေရာနှင့် ပျူစောထီးများအား တော်လှန်ရေးတပ်များတိုက်ခိုက်

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသောနေရာနှင့် ပျူစောထီးများအား တော်လှန်ရေးတပ်များတိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသောနေရာနှင့် စခန်းမှထွက်လာသော ပျုစောထီးများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့‌ကြောင်း မြိုင်မြို့နယ် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက်နေ့ ညနေပိုင်းတွင် မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စက်မှု(၂)ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး(၄)လုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး(၂)လုံးမှာ စစ်ကောင်စီတပ်သားများ နေထိုင်‌ရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့အပြင် မြိုင်မြို့နယ် သရက်ကွရွာပျူစောထီးစခန်းမှ ယူနီဖောင်းအပြည့်အစုံဖြင့် ပျူစေားထီး(၃)ဦးသည် ဧပြီလ(၂)ရက်နေ့တွင် ရွာ အနောက်ဘက်သို့ထွက်လာရာ တော်လှန်ရေးတပ်များက စောင့်ဆိုင်း၍ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် တစ်ဦးနေရာမှာတွင်ပင် သေဆုံးပြီး (၂)ဦးမှာ ပြန်လည်မပစ်ခတ်ဘဲ ပျူစောထီးစခန်းအတွင်းသို့ ပြေးဝင်သွားကြောင်း သိရသည်။

တော်လှန်ရေးတပ်များက လက်နက်ကောက်ရန်ကြိုးစားခဲ့သော်လည်း ပျူစောထီးစခန်းမှ စက်လက်ဖြင့် ပစ်ခတ်နေသောကြောင့်ကောက်ယူခွင့်မရဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း(၃) တပ်ခွဲ(၁) (ဝံပုလွေပြောက်ကျားတပ်ဖွဲ့)၊ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊ D.M.G ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Thu Rain TR(ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency