မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်
ဇန်နဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)ရှိရာကို ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ ညပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLAထံမှ သိရသည်။

စစ်ကောင်စီတပ်သည် TNLAရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈)မိုင်သို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် (၃)လက် သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃ )ရက်နေ့တွင်လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီ(၅၀၁)၊ (၅၀၂)တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် TNLAရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ TNLAတပ်များ ယာယီနောက်ဆုတ်ပေးခဲ့ရသည်။ 

ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်တို့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခြင်းများရှိနေသည်။

#TachileikNewsAgency